Wednesday, May 10, 2023

GENDER/CEDAW/NSPAW/UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

နေပြည်တော် မေ ၉

လူမှုဝန်ထမ်းဦးစီးဌာနက ကျင်းပသည့် GENDER/ CEDAW/ NSPAW/ UNSCR 1325 အသိပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

တက်ရောက်

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်တွဲလက် များလူမှုကူညီရေးအဖွဲ့မှ လူငယ်ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန တို့အောက်ရှိဦးစီးဌာနများမှ အရာထမ်းသင်တန်းသူ သင်တန်းသား ၂၇ ဦး တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် အမျိုးသမီးများ၏ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်းဗဟုသုတရရှိနိုင်မည့် အပြင် အတွေ့အကြုံများကိုလည်း ဆွေးနွေးဖလှယ်နိုင်ကြမည်ဖြစ်ပါကြောင်း၊ သင်တန်း မှရရှိသည့် ဗဟုသုတများဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မ လုပ်ငန်းအစီအစဉ်များနှင့် စီမံကိန်းများတွင်ကျား၊ မ ရေးရာကို စနစ်တကျထည့်သွင်းစဉ်းစားပြီး ရေးဆွဲကြရန်တိုက်တွန်း ပြောကြားလိုပါကြောင်း၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော် သည့်အခါတွင်လည်း အမျိုးသမီး၊ မိန်းကလေးငယ်များ၏ ပါဝင်မှုအခန်းကဏ္ဍကို တိုးမြှင့်ပေးရန်လိုအပ်သကဲ့သို့ ဌာနဆိုင်ရာများ၏ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်ခန်းစာများ ရှင်းလင်းဆွေးနွေးခြင်း၊ အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

သတင်းစဉ်


No comments:

Post a Comment