Friday, May 5, 2023

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် မေ ၄

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များအတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေ ၆ ရက် (စနေနေ့)၊ ညနေ ၆ နာရီခွဲတွင် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ ခမ်းနားထည်ဝါစွာ စီစဉ်ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ အခမ်းအနားကျင်းပပုံများကို ယင်းနေ့ ညနေ ၄ နာရီခွဲမှစတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင် သံကြား MRTV-HD Channel ၊ MRTV Farmers’ Channel ၊ MRTV Sports Channel၊ MRTV Parliament Channel၊ MRTV-NRC တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းတို့မှလည်းကောင်း၊ MWD- HD Channel၊ MWD Variety –HD Channel၊ Channel LIGHT Channel တို့အပြင် Channel-7၊ Readers' Channel ၊ 5 – Plus ၊ Channel-9 ၊ MNTV ၊ SkyNet Up to Date Channel၊ Myanmar Arts Channel ၊ Fortune Channel ၊ Channel K၊ YTV၊ M Entertainment Channel တို့မှလည်းကောင်း တိုက်ရိုက်(Live)ထုတ်လွှင့်မည်ဖြစ်သည်။ ထို့ပြင် MOI Website, MOI Youtube၊ MRTV Website တို့နှင့် မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM၊ ချယ်ရီ FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM၊ ရွှေ FM၊ FM ပုဂံ၊ Star FM၊ သဇင် FM တို့မှလည်း တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်ဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment