Friday, May 5, 2023

ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း တနင်္သာရီတိုင်းဒေသကြီး၌ စီမံကိန်းရည်မှန်းချက်များ ပြည့်မီစွာအကောင်အထည်ဖော်နိုင်ရေး ကွင်းဆင်းမှာကြား

 

နေပြည်တော် မေ ၄

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် မေ ၃ ရက် နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်နှင့် မြိတ်မြို့၌ တာဝန်ထမ်းဆောင်နေကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းလျာထား ချက်များအပေါ် ပြည့်မီစွာဆောင်ရွက်ရန်၊ စီမံကိန်းများကို ထိရောက်စွာဆောင်ရွက်ရန်၊ စာရင်းဇယားမှန်ကန်ရေးအလေးပေး ဆောင်ရွက်ရန်၊ နိုင်ငံတော်မှရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝကောက်ခံရရှိရန်နှင့် ချေးငွေများကို အတတ်နိုင်ဆုံး ပြန်လည်ကောက်ခံရရှိရေး ဆောင်ရွက်ရန်၊ နိုင်ငံ့ဘဏ္ဍာငွေ သုံးစွဲမှုများ စနစ်တကျဖြစ်စေရန်နှင့် စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို မြေပြင်ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး မွန်းလွဲပိုင်း၌ မြို့နယ်နှင့်ခရိုင်ရုံးများသို့ သွားရောက် ကွင်းဆင်းစစ်ဆေးသည်။

ဒုတိယဝန်ကြီးသည် မေ ၁ ရက်နှင့် ၂ ရက်တို့တွင် ထားဝယ်မြို့၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်ရှိ ဌာန/အဖွဲ့ အစည်းများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပြီး ရုံးများဥပဓိရုပ်ကောင်းမွန်စေရေး၊ ဝန်ထမ်းများ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment