Tuesday, May 30, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၉

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက် အောင်ဇေယျလမ်း အမှတ် (၂၄) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဌာနချုပ်သို့ ယနေ့နံနက် ၈ နာရီတွင် သွားရောက်၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်စစ်ဆေးရာ ပါတီဥက္ကဋ္ဌ ဦးဟန်ရွှေနှင့် ပါတီအဖွဲ့ဝင်များက ရှင်းလင်းတင်ပြကြသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသည် တစ်နိုင်ငံလုံး၌ စည်းရုံးဆောင်ရွက်ရန် ဧပြီ ၂၅ ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်ခွင့် ရရှိပြီးဖြစ်သည်။ ပါတီဝင်အင်အား တစ်သိန်းကျော် စုဆောင်းရရှိပြီး ပါတီရုံးခန်းပေါင်း ၂၄၇ ရုံး ဖွင့်လှစ်ဆောင်ရွက်ထားရှိ ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment