Friday, May 12, 2023

သတိပေးချက်

 




ဘင်္ဂလားပင်လယ်အော်တွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါ” (MOCHA) သည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်တိုက်ခတ်နေပါသဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး/ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန် အသိပေးပြီး ဖြစ်ပါသဖြင့် အဆိုပါ မုန်တိုင်းသည် ယနေ့မှစ၍ နောက်(၄၈)နာရီအတွင်း စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟုလည်း ခန့်မှန်းချက် ထုတ်ပြန်ထားပြီးဖြစ်ရာ လက်ရှိအခြေအနေတွင် မုန်တိုင်းသည် လေတိုက်နှုန်းအမြင့်ဆုံး တစ်နာရီမိုင် (၁၁၀)အထိ ရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာလည်း (၁၃)ပေမှ (၁၆)ပေအထိ ရောက်ရှိနိုင်မည်ဖြစ်ပါသဖြင့် ငါးဖမ်းရေယာဉ်/လှေ/သင်္ဘောများ အထူးအန္တရာယ်ရှိသည့်အတွက် ယနေ့မွန်းတည့် (၁၂:၀၀)နာရီ အချိန်မှစ၍ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်သို့ မည်သည့် ငါးဖမ်းရေယာဉ်/လှေ/ သင်္ဘောများ လုံးဝ (လုံးဝ) မထွက်ရန် ညွန်ကြားပါသည်။ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာမှ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

No comments:

Post a Comment