ကျိုင်းတုံ မေ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့နယ်စည်ပင်သာယာ ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ
ရှမ်းပြည်နယ်ဝန်ကြီးချုပ် အောင်ဇော်အေးက ဒေသန္တရစီမံကိန်းရေးဆွဲရာတွင် ရှမ်းပြည်နယ်၏
လူမှုစီးပွားရေး နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော
ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊
ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်နှင့်အညီ ရေးဆွဲ ဆောင်ရွက် ထားရှိပြီးဖြစ်ပါကြောင်း၊
အဆိုပါစီမံကိန်းများကို ပြည်သူအတွက် လက်ငင်း အကျိုးရှိစေမည့် လုပ်ငန်းစီမံကိန်းများတွင်
အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အဓိကကျသည့်
လယ်ယာကဏ္ဍကြီး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စက်မှုကဏ္ဍကြီးအတွက် အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အား
တိုးတက်ရရှိနိုင်ရေး၊ MSME အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုနှင့်
ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်ရာဌာနများမှ ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ပေးကြရမည်ဖြစ်ပေါကြောင်း၊ ဒေသအတွင်း လမ်းပန်းဆက်သွယ် ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၊
စသည့်လူမှုစီးပွားရေး နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုး တက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်
ပြောကြားသည်။
ထို့နောက်
ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ
တာဝန်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ရှမ်းပြည်နယ်စီမံကိန်းဦးစီးမှူး ဦးမောင်မောင်လွင်က
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရေးဆွဲထားမှုများကို
ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)
No comments:
Post a Comment