နေပြည်တော် မေ ၂၀
နေပြည်တော်သို့ ရောက်ရှိနေသော ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် အခြေခံလေကြောင်းလူငယ်သင်တန်း(အကြီးတန်း အဆင့်) နှင့် (အငယ်တန်းအဆင့်) (၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများနှင့် အုပ်ချုပ်သူနည်းပြများသည် ယနေ့တွင် နေပြည်တော်ရှိ စေတီပုထိုးများနှင့် အထင်ကရနေရာများသို့ လေ့လာခဲ့ကြသည်။
အဆိုပါ ရေကြောင်းလူငယ်၊ လေကြောင်းလူငယ်သင်တန်းများမှ သင်တန်း သား၊
သင်တန်းသူများသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း
တည်ဆောက်ပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက် လေ့လာဖူးမြော်ကြည်ညိုကြရာ
တာဝန်ရှိသူတစ်ဦးက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားကိုးကွယ်ရသည့် ရည်ရွယ်ချက်၊
တည်ထားကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခြင်းနှင့် ရေလမ်းကြောင်း၊
ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/၃/၄)တို့အား
ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ ပင့်ဆောင်နိုင်ရန် သံမဏိမျှော်စင်ဝန်ချီစက်တည်ဆောက်ခြင်း၊
ရုပ်ပွားတော်မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်း လုပ်ငန်းအဆင့်ဆင့်
ဆောင်ရွက်နေမှု၊ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်ကြီးနှင့် သာသနိကအဆောက်အဦး စိမ်းလန်းစိုပြေသာယာလှပစေရေးအတွက်
သစ်ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက်နေမှု၊ သာသနိကအဆောက်အဦများ ဆောက်လုပ်နေမှုနှင့်
အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်
ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ သာသနိကအဆောက်အဦများတည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်တည်ဆောက်နေမှုများကို လှည့်လည်လေ့လာကြည့်ရှုကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံ
ရိုက်ကူးကြသည်။
ဆက်လက်၍ ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ်မောင်မယ်များသည် သူရဲကောင်းဗိမာန်
(နေပြည်တော်)သို့ သွားရောက်လေ့လာခဲ့ကြပြီး အဖွဲ့လိုက် အလှည့်ကျအလေးပြုကြသည်။ ထို့အပြင်
နေပြည်တော် ဗုဒ္ဓဂါယာရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် ဖွား၊ ပွင့်၊ ဟော၊ စံ
သံဝေဇနိယလေးဌာနသို့ လေ့လာဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment