Thursday, May 18, 2023

တိုင်းပြည်၏ကဏ္ဍအသီးသီး၌ ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်လူရွယ်မောင်မယ်များအနေဖြင့်လူကောင်းလူတော်များဖြစ်လာရန် ကြိုးစားကြစေလို

 


နေပြည်တော် မေ ၁၇

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကပြုလုပ်သော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေ ၁၆ ရက်က အဆိုပါဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းနည်းပြ ဆရာဆရာမများနှင့်သင်တန်းသား သင်တန်းသူများတက်ရောက် ကြသည်။

ရလဒ်ကောင်းများရရှိ

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းမိသားစုများ၏ သားသမီးများကို ယဉ်ကျေးလိမ္မာပြီး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများ တိုးပွားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းကိုတက်ရောက်ခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင်လူအများနှင့် ပိုမိုကောင်းမွန်စွာပေါင်းသင်းပြောဆိုဆက်ဆံနိုင်သည့် အကျိုးကျေးဇူးရလဒ် ကောင်းများကိုလည်းရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ နောင်တစ်ချိန်တိုင်းပြည်၏ ကဏ္ဍအသီးသီး၌ ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်လူရွယ်မောင်မယ်များအနေဖြင့် ယဉ်ကျေးလိမ္မာပြီး အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများနှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူကောင်းလူတော်များ ဖြစ်လာရန် ကြိုးစားကြစေလိုပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးကသင်တန်းသားသင်တန်းသူများ၏ ယဉ်ကျေးခြင်းနှင့်လိမ္မာ ခြင်းတို့သည် ဤဝန်ကြီးဌာနမှတစ်ဆင့် မြန်မာနိုင်ငံသားအားလုံးအတွက် ယဉ်ကျေးလိမ္မာသော လူမျိုး၊ ယဉ်ကျေးလိမ္မာသော အထောက်အပံ့ကောင်းများဖြစ်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်

No comments:

Post a Comment