နေပြည်တော် မေ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ တက္ကသိုလ်များ၌ တာဝန် ထမ်းဆောင်လျက်ရှိကြသော နေပြည်တော်ရှစ်မြို့နယ်အတွင်းမှ နိုင်ငံ့ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများအတွက်ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းကစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စုဝေးဆောင်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ကျောင်းသားမိဘ အရာထမ်းအမှုထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်က
နိုင်ငံတော်အနေဖြင့် အခြေခံပညာမှအစပြုကာ လူသားအရင်း အမြစ်များ ဖွံ့ဖြိုးရေးအတွက် ဘက်စုံကဏ္ဍစုံမှကြိုးပမ်းလျက်ရှိကြောင်း၊
မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ့ဝန်ထမ်းများ၏ သားသမီးကျောင်းသားကျောင်းသူများ
ပညာသင်ယူရေးတွင် တစ်ထောင့် တစ်နေရာက ဖြည့်ဆည်းပေးနိုင်ရေး
ဆောင်ရွက်လျက်ရှိသကဲ့သို့ ထူးချွန်သူ များကို အားပေးချီးမြှောက်လျက်ရှိပါကြောင်း၊
အနာဂတ်ကာလတွင် နိုင်ငံတော် ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် ကဏ္ဍများတွင် မိမိတို့ကျွမ်းကျင်ရာ
နယ်ပယ်ကတာဝန်ယူလာကြရမည့် ကျောင်းသား ကျောင်းသူများအနေဖြင့်
ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ မိဘဆရာသမားများ၏သွန်သင်ဆုံးမလမ်းပြမှုကို
စနစ်တကျခံယူပြီးမိမိဘဝ မိမိအနာဂတ်ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်ရေး ကြိုးပမ်းအားထုတ်သွားကြရန်
တိုက်တွန်းပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်
ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များက ကျောင်းဝတ်စုံနှင့်
စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ကြရာ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များက
လက်ခံရယူခဲ့ကြ သည်။
ယနေ့ကျင်းပသည့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ
ဦးစီးဌာနများ၊ တက္ကသိုလ်များ၌တာဝန် ထမ်းဆောင်လျက်ရှိကြသော နေပြည်တော်ရှစ်မြို့နယ်အတွင်း
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာတက်ရောက်သင်ယူကြမည့်
နိုင်ငံ့ဝန်ထမ်းများ၏ သားသမီးကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၃၀၀ ကျော်အတွက်ငွေကျပ်သိန်း
၆၀၀ ကျော် တန်ဖိုးရှိကျောင်းဝတ်စုံ နှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ်
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment