နေပြည်တော် မေ ၁၆
ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်း ဒေသစံတော်ချိန် ၃ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Chroy Changvar Convention Center, Hall(A)၌ ဗိုဗီနမ်(အားနစ်)အမျိုးသား အမျိုးသမီး အားကစားပြိုင်ပွဲများကို ကျင်းပခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင် ကြည့်ရှုအားပေးခဲ့ပြီး
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Basketball Hall NSTC ၌ ကျင်းပသည့် ပိုက်ကျော်ခြင်းအားကစား နည်းမှ အမျိုးသမီးနှစ်ယောက်တွဲ အသင်း လိုက်ပြိုင်ပွဲတွင် ဗီယက်နမ်၊ မြန်မာ၊ အင်ဒိုနီးရှား၊ လာအိုနှင့်ကမ္ဘောဒီးယား နိုင်ငံတို့ ယှဉ်ပြိုင်ကစားရာ မြန်မာနိုင်ငံမှ မယမုံဇင်၊ မဖြူဖြူသန်းနှင့် မခင်နှင်းဝေ တို့အတွဲက ဒုတိယ(ငွေတံဆိပ်ဆု)၊ Chroy Changvar Convention Center, Hall (C) ၌ ဂျူဒိုအားကစားနည်းမှ အမျိုးသမီး (၅၂ ကီလို)အောက်ပြိုင်ပွဲတွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ စင်ကာပူ၊ လာအိုနှင့် မလေးရှားနိုင်ငံတို့ ယှဉ်ပြိုင်ကစားရာ မြန်မာနိုင်ငံမှ မခင်ခင်စုက တတိယ (ကြေးတံဆိပ်ဆု)၊ အလေးမအားကစား နည်းမှ အမျိုးသား(၈၁ကီလို)ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ထိုင်း၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ယှဉ်ပြိုင်ကစားရာ မြန်မာနိုင်ငံမှ မောင်သီဟအောင်က တတိယ (ကြေးတံဆိပ်ဆု)ကို ထပ်မံရရှိ ခဲ့ကြသည်။
ဆက်လက်၍ ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင် National Olympic Stadium ၌ ကျင်းပသည့် ဘောလုံး (အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံကို နှစ်ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ ပထမ(ရွှေတံဆိပ်ဆု)၊ မြန်မာနိုင်ငံမှ ဒုတိယ(ငွေတံဆိပ်ဆု)နှင့် ထိုင်းနိုင်ငံမှ တတိယ(ကြေးတံဆိပ်ဆု)ကို ရရှိခဲ့ကြသည်။
မေ ၁၅ ရက် ပြိုင်ပွဲ ပွဲစဉ်များတွင် ပိုက်ကျော်ခြင်း၊ E-Sports၊ အလေးမ၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ဗိုဗီနမ်(အားနစ်)နှင့် ဘောလုံး(အမျိုးသမီး) အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာနိုင်ငံမှ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ်ငါးခု ထပ်မံရရှိခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment