Tuesday, May 2, 2023

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိ

 

နေပြည်တော် မေ ၂

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီ တည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် အောက်ပါအဖွဲ့နှစ်ဖွဲ့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်းသိရှိရသည် -

(၁) ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

(၂) ဒီမိုကရက်တစ်ပါတီ

ပါတီတည်ထောင်ခွင့်ရရှိသော ဖော်ပြပါအဖွဲ့နှစ်ဖွဲ့သည် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်သည်။ ယနေ့အထိ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၅ ပါတီ ဖြစ်ကြောင်းနှင့် တည်ထောင်ခွင့်လျှောက်ထားသည့် ကျန်အဖွဲ့များကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment