နေပြည်တော် မေ ၂၆
မိုခါမုန်တိုင်းဒဏ်သင့်မြန်မာပြည်သူများထံသို့ အာဆီယံနိုင်ငံများမှပေးပို့သည့်စုစုပေါင်း အမေရိကန်ဒေါ်လာ ခန့်မှန်း(၅၃၀၀၀)ကျော်တန်ဖိုးရှိအရေးပေါ် အကူ အညီ ပစ္စည်းများ တန်ချိန်စုစုပေါင်း ၁၆ တန်ခွဲခန့်ကို သယ်ဆောင်လာသည့် မလေရှားလေကြောင်းလိုင်းမှလေယာဉ်တစ်စီးသည် ယနေ့နံနက် ၁၁နာရီ၄၅ မိနစ် ချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်သို့ ဆိုက်ရောက်ခဲ့သည်။
ယနေ့ တတိယအသုတ်အဖြစ် ရောက်ရှိလာသည့် အကူအညီပစ္စည်းများကို
သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူသားချင်းစာနာမှုအကူအညီများအတွက် အာဆီယံညှိနှိုင်းရေးဌာန(AHA
Centre)တာဝန်ရှိသူတစ်ဦးနှင့်
ရန်ကုန်တိုင်းဒေသကြီး
သဘာဝဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနမှညွှန်ကြားရေးမှူးဦးသန်းစိုးနှင့်တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးကြပြီးမုန်တိုင်းဒဏ်သင့်ဒေသများရှိပြည်သူများထံသို့ဆက်လက်ပို့ဆောင်နိုင်ရေးလွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။
တတိယအသုတ်အဖြစ် ယနေ့ရောက်ရှိလာသည့် ထောကိပံ့ကူညီရေးပစ္စည်းများမှာ AHA
တံဆိပ်ပါ မိသားစု ငါးဦးအသုံးပြုနိုင်သည့်မီးဖိုချောင်သုံးပစ္စည်း
၅၂ထုပ်၊ Shelter Tool kit ၂၁၀ထုပ် ၊ တာပေါ်လင်စ ၂၈၀ထုပ် ပါဝင်ပြီးစုစုပေါင်း ၅၄၂ထုပ်
ကုန်တန်ချိန် ၁၆တန်ခွဲခန့်ဖြစ်ကြောင်းသိရသည်။
အာဆီယံနိုင်ငံများမှ မုန်တိုင်းဒဏ်သင့်ပြည်သူများထံ
ပေးအပ်လှူဒါန်း ထောက်ပံ့ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ကယ်ဆယ်ရေးနှင့်အကူအညီများပံ့ပိုးရာတွင်
လေဘေးသင့်ပြည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူကိုလက်ကိုင်ထား၍ သဘာဝဘေးအန္တာရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဗဟိုဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးနှင့်
ပြည်နယ်အစိုးရဝန်ကြီးဌာနအသီးသီးနှင့် အချိန်နှင့် တပြေးညီ
ပူးပေါင်းဆောင်ရွက်လက်ရှိပြီး AHA Centre သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း အပြည့်အဝပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment