Saturday, May 6, 2023

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သဗ္ဗေညုစေတီတော်သို့ သွားရောက်ဖူးမြော်

 


နေပြည်တော် မေ ၅

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က နေပြည်တော်မှ ပုဂံမြို့သို့ ထွက်ခွာခဲ့ကြရာ ညောင်ဦးလေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ယင်းနောက် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ကန်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် ပုဂံမြို့ရွှေစည်းခုံစေတီရှိ ချူအင်လိုင်းတန်ဆောင်း၌ ရန်ကုန်မြို့ တရုတ်သံရုံးမှ လူငယ်များနှင့်တွေ့ဆုံသည်။

ထို့နောက် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ပြုပြင်မွမ်းမံနေသည့် သဗ္ဗေညု စေတီတော်သို့ သွားရောက်ဖူးမြော် လေ့လာကြည့်ရှုခဲ့ကြပြီး ပုဂံဘုရားများအားမော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညပိုင်းတွင် ညောင်ဦးမြို့မှ ပြန်လည်ထွက်ခွာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် တာဝန်ရှိသူများက ညောင်ဦးလေဆိပ်၌ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment