မအူပင် မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်မှ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းတွင် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မင်းဧရာတံတာ၌ သဘာဝဘေးဇာတ် တိုက်လေ့ကျင့်နေမှုအား ယမန်နေ့ ညနေ ၄ နာရီအချိန်က ကြည့်ရှု့စစ်ဆေးခဲ့သည်။
၎င်းဇာတ်တိုက်လေ့ကျင့်မှုအား ခရိုင်မီးသတ်တပ်ဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမိုးထွန်းဦးဆောင်သည့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၃၅)ဦးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများမှ မအူပင်မြို့ မင်းဧရာတံတားတွင် ရေနစ်သူရှာဖွေကယ်ဆယ်ခြင်း သရုပ်ပြမှုအား သံယံဇာတာရေးရာဝန်ကြီးဦးအုန်းမြင့်နှင့် တာဝန်ရှိသူများမှ ကြည့်ရှု့အားပေးခဲ့ကြသည်။ ၎င်းနောက် ဝန်ကြီးနှင့်တာဝန်ရှိသူများသည် သဘာဝဘေး အန္တရာယ်ကြုံတွေ့လာပါက အသုံးပြုရန် အသင့်ပြင်ဆင်ထားသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ခရိုင်မီးသတ်တပ်ဖွဲ့ လက်ထောက် ညွှန်ကြားရေးမှုးမှ ရှင်းလင်းပြသခဲ့ရာ သယံဇာတရေးရာဝန်ကြီးမှကြည့်ရှု့ စစ်ဆေးခဲ့ပြီးလိုအပ်သည်များအား လမ်းညွှန်မှားကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် သဘာဝဘေးဇာတ် တိုက်လေ့ကျင့်နေမှုအား သယံဇာတရေးရာဝန်ကြီးဦးအုန်းမြင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အဖွဲ့ဝင်များတက်ရောက်ကြည့်ရှု့အားပေးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment