နေပြည်တော် မေ ၂၈
မြန်မာ(နေပြည်တော်) - တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မေ ၂၅ ရက်မှ ၂၈ ရက်အထိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် လေးရက်ကြာကျင်းပရာ ယနေ့တွင် ကုန်စည်ပြပွဲနောက်ဆုံး နေ့အဖြစ် ပြခန်းများကို ဆက်လက်ခင်းကျင်းပြသသည်။
အဆိုပါကုန်စည်ပြပွဲ၌ လာရောက်ပြသကြသည့် နှစ်နိုင်ငံမှ ကုန်သည်လုပ်ငန်းရှင်များ/ ကုမ္ပဏီများအကြား ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ နားလည်မှုစာချွန်လွှာနှင့် ကုန်သွယ်မှုသဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းတို့ကိုလည်း နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။
ယနေ့ မွန်းလွဲပိုင်းတွင် AJ Myanmar Co., Ltd. နှင့် Shenyang Tianfeng Bio-Pharm Co., Ltd. တို့ အကြား ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ကို လည်းကောင်း၊ Yoma Bank Limited ၊ Fully Light Group of Companies နှင့် Kokang Ethnic Entrepreneurs Association Incorporated(KKEEA) တို့အကြား ဘဏ်ငွေပေးချေမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။
ကုန်စည်ပြပွဲသို့ နေပြည်တော်ရှိဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ ဝန်ထမ်းများနှင့် အများပြည်သူများ စိတ်ဝင်တစား လာရောက် ကြည့်ရှုခဲ့ကြရာ စည်ကားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment