Tuesday, May 9, 2023

တရားမအထူးအယူခံမှု (၈) မှု စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု (၃) မှု ရုံးထိုင်ကြားနာ

နေပြည်တော် မေ ၈

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၁၇/၂၀၂၂ (ရခိုင်)၊ ၁၈/၂၀၂၂ (ရခိုင်)၊ ၅၄/၂၀၂၂ (မကွေး)၊ ၅၅/၂၀၂၂ (မကွေး)၊ ၁၆/၂၀၂၁ (ပဲခူး) ၊ ၂၇/၂၀၂၂ (ပဲခူး)၊ ၄၄/၂၀၂၂ (ကချင်) နှင့် ၅၆/၂၀၂၂ (ဧရာ၀တီ) စုစုပေါင်း တရားမ အထူးအယူခံမှု (၈) မှုတို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၄၃/၂၀၂၀ (ရန်ကုန်)၊ ၃၃/၂၀၂၂ (မန္တလေး) နှင့် ၃၆/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၃)မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment