Tuesday, May 9, 2023

လားရှိုးမြို့၌ သဘာ၀ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ တိုင်းမှုးတက်ရောက်

 



လားရှိုး မေ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နယ်မြေခံအားကစားကွင်းယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က သဘာ၀ဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး၊ အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုများနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ တက်ရောက်ခဲ့ကြသည်။

 


အခမ်းအနားတွင် တိုင်းမှူးက ကျေးဇူးတင်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး တိုင်းမှူးနှင့်တာဝန်ရှိ သူများက သဘာ၀ဘေးအန္တရာယ် ကျရောက်ပါက အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကယ်ဆယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကွပ်ကဲမှုနှင့်စီမံခန့်ခွဲမှုအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ လမ်းကြောင်းရှင်းလင်းရေးအဖွဲ့၊ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့၊ ပို့ဆောင်ဆက်သွယ်ရေး အဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးအဖွဲ့၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ နေရာချထားရေးနှင့် အုပ်ချုပ် ထောက်ပံ့မှုအဖွဲ့၊ ရန်ပုံငွေရှာဖွေရေးနှင့်ထိန်းသိမ်းရေးအဖွဲ့၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးအဖွဲ့များအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအား လှည့်လည် ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့သည် အသုံးပြုမည့် ကူညီကယ်ဆယ်ရေးပစ္စည်းကိရိယာများ၊ စက်ယန္တရားများ၊ ယာဉ်များ၊ ထောက်ပံ့ ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်

No comments:

Post a Comment