Sunday, May 14, 2023

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံအတွင်း သီးနှံမျိုးများအလိုက် စမ်းသပ်စိုက်ပျိုးထားရှိမှုများနှင့် သုတေသနစိုက်ကွင်းများ ကြည့်ရှုစစ်ဆေး


 

နေပြည်တော် မေ ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် မေ ၁၂ ရက် မွန်းလွဲပိုင်းက ကျိုင်းတုံစိုက်ပျိုးရေး သုတေသနခြံအတွင်း သီးနှံမျိုးများအလိုက် စမ်းသပ်စိုက်ပျိုးထားရှိမှုများနှင့် သုတေသနစိုက်ကွင်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဒေသရေမြေရာသီဥတု သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်မည့် စိုက်ပျိုးနည်းစနစ်များ ဖော်ထုတ်ဆောင်ရွက်ရန်၊ သုတေသနရလဒ်များအပေါ်အခြေခံ၍ တောင်သူအကျိုးအမြတ် အများဆုံးရနိုင်မည့်သီးနှံများ ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ တောင်သူအသိပညာပေး လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်ရန် ဆွေးနွေးမှာကြားပြီး သုတေသနစခန်းအတွင်း တစ်နှစ် သုံးသီးစမ်းသပ်စိုက်ပျိုးနိုင်ရေးအတွက် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နိုင်ရန် စီမံပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံအတွင်း ဒေသနှင့်ကိုက်ညီသည့် ပြည်တွင်းပြည်ပ သစ်သီးမျိုးများစမ်းသပ်စိုက်ပျိုးလေ့လာနေမှုများ၊ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ပေးနိုင်ရေးနှင့် စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်များစေမည့် ကိုင်းကူးနည်းဖြင့် ကိုင်းကူးကိုင်းဆက်ပျိုးပင်များ ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးပြီး သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment