Thursday, May 18, 2023

ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

 

နေပြည်တော် မေ ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ရုံး (WFP) ၏ မြန်မာ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် Mr. Stephen Anderson ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်က မြန်မာ နိုင်ငံဆိုင်ရာ မဟာဗျူဟာအစီ အစဉ် (၂၀၂၃) နှင့် စပ်လျဉ်းသည့် နားလည်မှုစာလွှာလက်မှတ် ရေးထိုးပြီးစီးမှု အခြေအနေနှင့် WFP မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း များနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေး ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် WFPတို့အကြား ပူးပေါင်းဆောင်ရွက်မှု များ၊ သဘာဝဘေးအန္တရာယ်ကျရောက်စဉ်ကာလအတွင်း လိုအပ်သည့်လူသားချင်းစာနာ ထောက်ထားမှုအကူအညီများပေးအပ်ရေးနှင့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ တိုက်ခတ်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အစိုးရနှင့် နီးကပ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment