Tuesday, May 9, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၈

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် တာဝန်ယူဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရုံးအမှတ် (၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဝိုင်းဝန်းကူညီဆောင်ရွက်

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် မေလအတွင်းကျင်းပမည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖျော်ဖြေရေးလုပ်ငန်းများ၊ စာတမ်းဖတ်ပွဲများ၊ ပြခန်းခင်းကျင်း ပြသရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သဖြင့် သာသနာရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များနှင့် ယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို အများပြည်သူများ သိရှိနိုင် စေရေးအတွက် တာဝန်ယူဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အင်တိုက်အားတိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် တာဝန်ရှိသူအသီးသီးက ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ တာဝန်ယူဆောင်ရွက်မည့်ကိစ္စများကို တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

အနုပညာပစ္စည်းများ ပြည့်စုံစေရန်လိုအပ်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် မိမိတို့ဌာနအနေဖြင့် ဖျော်ဖြေရေးလုပ်ငန်းများ၊ စာတမ်းဖတ်ပွဲများ၊ ပြသရမည့် ပြခန်းများနှင့်ပတ်သက်၍ ကျစ်ကျစ်လျစ်လျစ် စုစုစည်းစည်းဖြင့် အနုပညာပစ္စည်းများ ပြည့်စုံစေရန်လည်း အဓိက လိုအပ်ပါကြောင်းနှင့် တာဝန်ထမ်းဆောင်ရာ၌ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment