Thursday, April 6, 2023

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုဖြင့် Pilot Project အရ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မျက်မြင်စစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေးခဲ့သည့် မျက်မြင်တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ သုံးသပ်ညှိနှိုင်းစည်းဝေး

 


နေပြည်တော်       ဧပြီ      

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုဖြင့် Pilot Project အရ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မျက်မြင်စစ်ဆေးရေးအဖွဲ့ သွားရောက်စစ်ဆေးခဲ့သည့် မျက်မြင်တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ သုံးသပ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ () အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ() လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယဥက္ကဋ္ဌ () ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်  ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က Zoom Application Online System ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌက ယနေ့ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ရှေ့ပြေးစမ်းသပ် စီမံကိန်းဖြင့် ပြန်လည်စိစစ်လက်ခံရန် လျာထားသည့် နေရပ်စွန့်ခွာသူများနှင့် ၎င်းတို့၏ ဆက်စပ်မိသားစုဝင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနာ့ဖ်မြို့သို့   မျက်မြင်စစ်ဆေးရေးအဖွဲ့ သွားရောက်၍ မျက်မြင်စစ်ဆေးခဲ့သည့် တွေ့ရှိချက်များနှင့်စပ်လျဉ်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီက ပြုစုထားရှိသည့် အစီရင်ခံစာ အပေါ် အကြံပြုသုံးသပ်ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ မျက်မြင်စစ်ဆေးရေးအဖွဲ့၏   မျက်မြင်တွေ့ရှိချက်များအပေါ် မူတည်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၏   ဖြစ်ပေါ်တိုးတက်မှု နောက်ဆုံးအခြေအနေများကို ဝိုင်းဝန်းသုံးသပ် အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌများက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား               ပြန်လည်စိစစ်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ လူသားချင်းစာနာမှု   အကူအညီအထောက်အပံ့ပေးရေး၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူးက မျက်မြင်စစ်ဆေးရေးအဖွဲ့၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြေပြင်ဖြစ်ရပ်မှန်များကို သွားရောက် မျက်မြင်စစ်ဆေးခဲ့သည့် အစီရင်ခံစာနှင့် လုပ်ငန်းဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် တာဝန်ရှိသူများက မျက်မြင်စစ်ဆေးရေးအဖွဲ့၏ မျက်မြင်တွေ့ရှိချက်များ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် Pilot Project အရ ပြန်လည်စိစစ်လက်ခံမည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် ဖြစ်ပေါ်တိုးတက်မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍   သက်ဆိုင်ရာလုပ်ငန်းကော်မတီများက ကဏ္ဍအလိုက် ပြန်လည်သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြမှုအပေါ်   ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment