Tuesday, April 18, 2023

နန္ဒာအောင်မြေကျောင်း ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလ (Ph.D. Buddhism) (ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးမြောက်ရပ်ကွက် လိပ်ပြာကန်ကျောင်းတိုက်)၏ နှစ်သစ်မင်္ဂလာဆုတောင်း

 


ဒီကနေ့ဟာ ၁၃၈၄ ခုနှစ် ကုန်ဆုံးလို့ ၁၃၈၅ ခုနှစ် မြန်မာနှစ်သစ် အခါသမယပဲဖြစ်ပါတယ်။ အခုလို မင်္ဂလာရှိလှတဲ့ မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ အခါသမယမှာ ဆရာတော်အနေနဲ့ နှစ်သစ်မင်္ဂလာနှစ်ဦး ဆုမွန်ပတ္ထနာပြုပေးပါမယ်။

ယာဒိသံ ဝပတေဗီဇံ- တာဒိသံ ဟရတေဖလံ ကလျာဏီ ကာရီ ကလျာဏံ- ပါပကာရီစ ပါပကံ။ သဂါထာဝဂ္ဂသံယုတ်။ ကလျာဏီ ကာရီ ကလျာဏံ- ကောင်းသောစေတနာဖြင့် ကောင်းသော ကုသိုလ်မျိုးစေ့တို့ကိုစိုက်ပျိုးနိုင်သော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားများ ဖြစ်နိုင်ကြပါစေ။

ပါပကာရီစ ပါပကံ- မကောင်းသော စေတနာဖြင့် မကောင်းသော အကုသိုလ်မျိုးစေ့တို့ကို စိုက်ပျိုးမိသော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား၊ ကမ္ဘာသူကမ္ဘာသားများ မဖြစ်ကြပါစေနှင့်။

ကောင်းပင်ပျိုး၍ ကောင်းကျိုးကိုယ်၌ တည်စေသူများ ဖြစ်ကြပါစေ။

ဆိုးပင်ပျိုး၍ ဆိုးကျိုးများ ကင်းဝေးသောသူများဖြစ်ကြပါစေ။

နံနက်မိုးလင်းမှမိုးချုပ် ရှာဖွေစုဆောင်းထားသော ပစ္စည်းဥစ္စာတို့သည် မိမိနောက်သို့လိုက်ပါခြင်းမပြု။ ကုသိုလ် - အကုသိုလ်နှစ်ပါးသာလျှင်လိုက်ပါခြင်းဖြစ်သည်။

သို့အတွက်ကြောင့် မိုးလင်းသည့်အချိန်မှ မိုးချုပ်သည့်အချိန်ထိ ကုသိုလ်တရားပွားများပြီး သကာလ ကောင်းကျိုးတွေရရှိပြီး ချမ်းသာသုခပြည့်ဝနိုင်ကြပါစေ။

မကောင်းတာတွေ ဖယ်ရှား၊ ကောင်းတာတွေ ပွား၊ ကောင်းကျိုး ချမ်းသာရကြပါစေ။ နှစ်သစ် အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းပြည့်စုံပြီး ဒုက္ခခပ်သိမ်း၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေလို့ နှစ်သစ်ကာလ အခါသမယ၌ ဆုတောင်း “ပတ္ထနာ” ပြုလိုက်ပါသည်။

No comments:

Post a Comment