Thursday, April 20, 2023

ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ၌ ရဟန်းသံဃာအယောင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်

 

နေပြည်တော် ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ၌ လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော လုံခြံရေးတပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် သင်္ကန်းများ ဝတ်ဆင်၍ ရဟန်းသံဃာအယောင်ဆောင် ထားသည့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ မြကန်သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများ က သင်္ကန်းများဝတ်ဆင်၍ ရဟန်းသံဃာများ အယောင်ဆောင်ကာ Mazda Titan Truck အမျိုးအစား မော်တော်ယာဉ်ဖြင့်ရောက်ရှိလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယခုကဲ့သို့ သာသနာကိုခုတုံးလုပ်ပြီး မြင့်မြတ်သောရဟန်းသံဃာများဝတ်ဆင်သည့် သင်္ကန်းများကိုဝတ်ဆင်၍ ရဟန်းသံဃာအယောင်ဆောင်ကာ အောက်တန်းကျသော စိတ်ယုတ်စိတ်ဓာတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment