Saturday, April 1, 2023

နွားထိုးကြီး-မြင်းခြံသွား ကားလမ်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 


နေပြည်တော် မတ် ၃၁

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် လျှော်ဖြူကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာ နွားထိုးကြီး-မြင်းခြံသွား ကားလမ်းဝဲဘက် ၁၅ ပေခန့်အကွာ၌ ယနေ့ညနေ ၃ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်အဝေးထိန်းမိုင်း တစ်လုံးဖောက်ခွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နွားထိုးကြီးမြို့နယ် ဝက်လူးကျေးရွာ၌ ဘုန်းကြီးကျောင်း ဓမ္မာရုံရေစက်ချပွဲမှ မင်းဘူးမြို့သို့ ပြန်လည်မောင်းနှင်လာသော ဂီတစက်ဝိုင်းတေးဂီတအဖွဲ့သား ၁၀ ဦး လိုက်ပါလာသည့် Super Custom အမျိုးအစားယာဉ်သည် လျှော်ဖြူကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့် အကွာသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်အဝေးထိန်းမိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်နေ ဒေါ်ဇွန်ဇင်ဇင်ထွန်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ နေရာတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို နွားထိုးကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment