Saturday, April 1, 2023

လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာဈေးနှုန်း တိုးမြှင့်သတ်မှတ်ခြင်းနှင့် အချို့သောနိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက ငွေကြေးအဝင်/အထွက်တွေကို လက်မခံတော့ဘူးဆိုသည့် ကောလာဟလထွက်နေသော သတင်းများနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်

 


တချို့သော မီဒီယာများက ကျွန်တော့်ကို ဒီမေးခွန်းတွေမေးနေတာရှိပါတယ်။ ပထမဦးဆုံးမေးခွန်းဖြစ်တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာဈေးနှုန်းနဲ့ပတ်သက်ပြီး တစ်ဒေါ်လာကို ၂၁၀၀ ဈေးနှုန်းသတ်မှတ်ထားပါတယ်။ တစ်ဒေါ်လာကို ၂၁၀၀ သတ်မှတ်ထားခြင်း ဈေးနှုန်းနဲ့ပတ်သက်ပြီး ပြင်ဆင်ပြောင်းလဲဖို့ အစီအစဉ်မရှိသေးကြောင်း ပြောလိုပါတယ်။ ပြင်ဆင်ပြောင်းလဲဖို့ အစီအစဉ် မရှိသေးပါဘူး။ တချို့သောနိုင်ငံခြားဘဏ်တွေနဲ့ ပတ်သက်ပြီး ယခင်အပတ် လောက်ကတိုင်ဟောလာဟလ ထွက်နေပါတယ်။

တချို့သော နိုင်ငံခြားဘဏ်တွေက မြန်မာနိုင်ငံက ငွေအဝင်/အထွက်တွေ လက်မခံတော့ဘူးဆိုပြီး‌ ပြောနေတာရှိပါတယ်။ လက်တွေ့မှာ ပုံမှန်လည်ပတ်ဆောင်ရွက်နေလျက်ရှိပါတယ်။ ပုံမှန်လည်ပတ် ဆောင်ရွက်လျက်ရှိတယ်ဆိုတာ ကျွန်တော်ပြောလိုပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ်နဲ့ပတ်သက်ပြီး ဦးတည်ပြီး တိုက်ခိုက်နေတာတွေများပါတယ်။ ယခင်တုန်းကလည်း ဘဏ်လုပ်ငန်းစနစ်တွေနဲ့ တိုက်ခိုက်နေတာရှိတယ်။ ငွေရေးကြေးရေးစနစ် အနေနဲ့လည်း တိုက်ခိုက်နေတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ဒီလို ကောလာဟလတွေကို မယုံကြဖို့။

ဗဟိုဘဏ် ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းကို တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းနိုင်ပါတယ်လို့ ကျွန်တော်အနေနဲ့ပြောလိုပါတယ်။

သတင်းစဉ်

No comments:

Post a Comment