Sunday, April 2, 2023

PDF အမည်ခံအကြမ်းဖက်သမားများက စစ်ကိုင်းမြို့နယ်အတွင်းရှိ ကြက်သွန်စိုက်ခင်းအတွင်းသို့ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်၊ အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစ ထိမှန်ဒဏ်ရာရရှိ

နေပြည်တော် ဧပြီ ၂

NUG၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်နှင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားတွင် အသုံးပြုရန်အတွက် ပြည်သူလူထုထံမှ အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်း၊ လုယက်ယူဆောင်ခြင်းနှင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ မတ် ၂၉ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ ကြက်သွန်စိုက်ခင်း၌ ကျေးရွာနေပြည်သူများမှ ကြက်သွန်နှုတ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက အဆိုပါ ကြက်သွန်စိုက်ခင်းပိုင်ရှင်ထံမှ ဆက်ကြေးတောင်းခံရာ ဆက်ကြေးမရသဖြင့် Drone ဖြင့် ကြက်သွန်ခင်းအတွင်းသို့ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကြက်သွန်နှုတ်နေသည့် အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ကျေးလက်ဆေးပေးခန်းသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အေးချမ်းစွာ နေထိုင်၊ လုပ်ကိုင်စားသောက်ပြီး မိမိစီးပွားရေး မိမိဆောင်ရွက်နေသည့် အပြစ်မဲ့အရပ်သားပြည်သူများအား အကြောက်တရားများ လွှမ်းမိုးလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို တရားဉပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


 

No comments:

Post a Comment