Saturday, April 15, 2023

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အကျနေ့ ဖျော်ဖြေတင်ဆက်နေမှုများ ကြည့်ရှုအားပေး

 

မော်လမြိုင် ဧပြီ ၁၄

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော် အကျနေ့တွင်  ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဧပြီလ ၁၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ကမ်းနားလမ်း၊ ဗဟိုမဏ္ဍပ်နှင့် မွန်မင်းလမ်းအပန်းဖြေ နားနေစခန်းမဏ္ဍပ်တို့တွင် ယိမ်းအကများနှင့် တေးသီချင်းများ သီဆိုနေမှုများကို ကြည့်ရှု့အားပေးခဲ့သည်။






ထို့နောက် မဟာသင်္ကြန်ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး နိုင်ငံကျော် တေးသံရှင်များ ရုပ်ရှင်နှင့်ဗွီဒီယို သရုပ်ဆောင်များစွာဖြင့် သင်္ကြန်ကာလအတွင်း ဖျော်ဖြေသွားမှာဖြစ်ပြီး ဒေသခံပြည်သူများမှ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

ယင်းနောက် မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်ကာလ၌ သင်္ကြန်အကျိုနေ့မှ စ၍အနယ်နယ် အရပ်ရပ်မှ သင်္ကြန်ရေပက်ခံထွက်သူများနှင့် အပန်းဖြေရေကစားသူများ များပြားလျက်ရှိပြီး လာရောက် အပန်းဖြေရေကစားသူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေရေကစားနိုင်ရေး  မြို့နယ် အတွင်းရှိတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးထားပြီး အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)

No comments:

Post a Comment