Tuesday, April 18, 2023

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးဘိုးဘွားများအား လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်

 



မကွေး ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနှစ်ဆန်း(၁) ရက်နေ့တွင် မကွေးမြို့၊ ကမ်းနားလမ်းရှိ ညောင်ကိုးပင်ဆိပ်တွင် ဇီဝိတဒါန ငါးလွှတ်ခြင်းနှင့် ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် သက်ကြီးဘိုးဘွားများအား လှူဖွယ်ပစည်းများ ပေးအပ်လှူဒါန်း ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ မကွေးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ မွေးမြူထားသော ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ(၂)သောင်း၊ ငါခုံးမကြီးငါးသားပေါက်ကောင်ရေ(၁)သောင်း၊ စုစုပေါင်း ငါးသား ပေါက်ကောင်ရေ(၃)သောင်းအား ဧရာဝတီမြစ်အတွင်း ငါးသားပေါက်များ လွှတ်ပေးခြင်းဖြင့် ဇီဝိတဒါန ကုသိုလ်ရယူခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက် ၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ မကွေးမြို့၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်သည့် သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားသို့  တက်ရောက်၍ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအား ဦးထိပ်ထားကာ သက်ကြီးဘိုး/ဘွား များအား လက်အုပ်ချီမိုး ကန်တော့ခဲ့ကြပြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များက အဘိုးအဘွားများထံ လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြပြီး၊ ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ဆုပေးစကား ချီးမြှင့်ပြောကြားကာ၊ ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သက်ကြီးဘိုးဘွားများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ကုသစောင့်ရှောက်ပေးနေမှုအဖြစ် ဆီးချို၊ သွေးတိုး ရောဂါများ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် အခြားလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာ တွင် ကျင်းပပြုလုပ်သော သက်ကြီးဘိုးဘွားများအား လှူဖွယ်ပစည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင် အလှူရှင်များမှ အဘိုး/အဘွားများ အတွက် စုပေါင်းလှူဒါန်းသည့် ပစ္စည်းနှင့် ငွေတန်ဖိုးမှာ စုစုပေါင်းငွေကျပ်(၄၆)သိန်းခန့် ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ

No comments:

Post a Comment