Tuesday, April 18, 2023

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာအခမ်းအနား ကျင်းပ

 



နေပြည်တော် ဧပြီ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်း ပရိတ် တရားတော်နာအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ သီရိဂန္ဓမာသပြေအေး မိုးကုတ် ဝိပဿနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအရှင်ဂန္ဓမာလာ အမှူးပြုသော ဆရာတော်အရှင်သူမြတ်များ၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်ဇနီး ဒေါ်ကြည်ကြည်မေ၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ဆရာတော် ဘဒ္ဒန္တအရှင်ဂန္ဓမာလာထံမှငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။

ဆက်ကပ်လှူဒါန်း

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များက ဆရာတော်၊ သံဃာတော် အရှင် သူမြတ်တို့ထံ ဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်းနှင့်တကွ ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တအရှင်ဂန္ဓမာလာထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

သတင်းစဉ်

No comments:

Post a Comment