Saturday, April 15, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မဟာသင်္ကြန်ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်များသို့ သွားရောက်ကြည့်ရှုအားပေးကာ အတူတကွဆင်နွှဲ

 

မန္တလေး ဧပြီ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့၌ မန္တလေးမြို့သူမြို့သားများနှင့် ဝန်ကြီးဌာနများ၏ အတာသင်္ကြန်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် စတုဒိသာဧည့်ခံရေးမဏ္ဍပ်များသို့ သွားရောက်၍ ကြည့်ရှုအားပေးကာ အတူတကွပျော်ရွှင်စွာ ဆင်နွှဲကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့သည် မန္တလေးကျုံးတောင်ဘက်ခြမ်းရှိ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် ဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ မြို့သူမြို့သားများ၏ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ တွင် ယိမ်းအဖွဲ့များ၏ အကအလှများ၊ နိုင်ငံကျော်အနုပညာရှင်များ၏ မြူးမြူးကြွကြွသီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး အနုပညာရှင်များ၏ မြူးမြူးကြွကြွသီဆိုမှုသံစဉ်များနှင့်အတူ အေးချမ်း ပျော်ရွှင်စွာ ကခုန်အားပေးနေကြသည့် မြို့သူမြို့သားများအား နှုတ်ဆက်အားပေးခဲ့ကြပြီး လမ်းလျှောက်သင်္ကြန်ကိုလည်း ပြည်သူများနှင့် အတူတကွဆင်နွှဲကာ အတာရေများအပြန်အလှန် ပက်ဖျန်း ကြသည်။

ယနေ့တွင် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် စတုဒိသာမဏ္ဍပ်များတွင် ရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြသည့် မန္တလေးမြို့သူ မြို့သားများ၊ မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို လာရောက်လည်ပတ် ကြသည့် အများပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment