Saturday, April 15, 2023

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲကျင်းပ

 


ရန်ကုန် ဧပြီ ၁၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် စတုဒိသာကျွေးမွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံစေတီ တော် အနောက်ဘက်မုခ် ယာဉ်ရပ်နားနေရာ၌ ကျင်းပသည်၊၊

အခမ်းအနားသို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)၊ အတွင်းရေးမှူး ဦးအောင်မျိုးသန့်၊ အတွင်းရေးမှူး (ခရစ်ယာန်ဘာသာ) ဒေါ်ခင်ခင်မေ၊ ရန်ကုန်တိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြသည်၊၊

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်အကျနေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသူများကို သီးစုံသက်သတ်လွတ် ဒံပေါက် ထမင်းနှင့် အချိုရည်၊ ရေသန့်များဖြင့် အာဟာရဒါနလှူဒါန်းကြသည်၊၊

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)သည် ဧပြီ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့၊ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့နှင့် ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တို့တွင်လည်း ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာပြည်သူများကို အာဟာရဒါနဖြင့် လှူဒါန်းကျွေးမွေးသွား မည်ဖြစ်ကြောင်း သိရသည်။

ကိုကိုဇော်(MNA)

No comments:

Post a Comment