Tuesday, April 18, 2023

ပင်းတယမြို့နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌတက်ရောက်

 




ပင်းတယ ဧပြီ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ၊ ပင်းတယမြို့နယ်တွင်  ဧပြီလ ၁၆ ရက်နေ့ ည ၆ နာရီက မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင် ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခဲ့ကြပြီး ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကိုယ်စားပြု “အ.ထ.က ကြယ်ပွင့်လေးများ” ယိမ်းအကအဖွဲ့နှင့် ဒုတိယဆုရရှိသည့် အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်) ကိုယ်စားပြု ယိမ်းအကအဖွဲ့အား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ယိမ်းအကအဖွဲ့ဝင်များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ယိမ်းအကအဖွဲ့ဝင်များအား ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းမှရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ယိမ်းအအဖွဲ့များက “မြနန္ဒာ” သီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေ တင်ဆက်ခဲ့ကြကာ မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်ပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)

No comments:

Post a Comment