Wednesday, April 26, 2023

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိစက်မှုဇုန်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေး

 

 နေပြည်တော် ဧပြီ ၂၆

နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း သည် ကော်မတီအတွင်းရေးမှူး ဦးဟိန်းဇော်၊ ကော်မတီဝင်များ၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့်အတူ ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိစက်မှုဇုန်အတွင်း လုပ်ငန်းပုံမှန်လည်ပတ် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ကျောက်မျက်လုပ်ကွက်များတွင် စက်မှုဇုန်စည်းကမ်းချက်(၁၉)ချက်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထပ်မံခွင့်ပြုခဲ့သည့် လုပ်ငန်းများ၏ မြေညှိ/ မြေပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

 


ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် စက်မှုဇုန်အတွင်း ထပ်မံခွင့်ပြုခဲ့သည့် လုပ်ငန်းများမှ မြေညှိ/ မြေပြင်ခြင်း အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူပေးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ခွင့်ပြုထားသည့် လုပ်ငန်းများအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းထားပြီးဖြစ်၍ စက်မှုဇုန် လုပ်ငန်းရှင်များ အနေဖြင့်လည်း ဖွဲ့စည်းပေးထားသည့် ကော်မတီများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)

No comments:

Post a Comment