Wednesday, April 26, 2023

ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ကြက်ခြေနီဝတ်စုံ ထောက်ပံ့ပေးအပ်

 

 လားရှိုး ဧပြီ ၂၆  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ကြက်ခြေနီဝတ်စုံ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 



ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က ကြက်ခြေနီဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကျောက်မဲ၊ နောင်ချို၊ မန်တုံ၊ နမ္မတူ၊ နမ့်ဆန်၊ သီပေါ၊ မိုးမိတ်၊ မဘိမ်း၊ မူဆယ်၊ ဟိုပန်၊ ကွတ်ခိုင်နှင့် နမ့်ခမ်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအတွက် ကြက်ခြေနီဝတ်စုံများ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာမြို့နယ်ကိုယ်စားလှယ်များက လက်ခံရယူခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

 

No comments:

Post a Comment