Thursday, April 27, 2023

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ကျောက်မဲခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖဒေသခံပြည်သူများနှင့် တွေ့ဆုံ

 

 ကျောက်မဲ ဧပြီ ၂၇

 ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်(၁၁)နာရီက ကျောက်မဲမြို့ မြို့ကျက်သရေဆောင်ခန်းမတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်အတွင်းရှိ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံကြောင်း သိရသည်။

 

တွေ့ဆုံပွဲတွင် ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး) ဦး‌အောင်မြင့်ဦးက ဒေသဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ်များမှ ရပ်မိ၊ ရပ်ဖ၊ ဌာနဆိုင်ရာ၊ ဒေသခံပြည်သူများမှ ဒေသလိုအပ်ချက်များ တင်ပြကြရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဒေသခံ ပြည်သူများ၏ လိုအပ်ချက်တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျောက်မဲခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးကပေးအပ်ရာ သက်ဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အသီးသီး လက်ခံရယူကြောင်း သိရသည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အသေးစား၊ အလတ်စား၊ အငယ်စား စက်မှုလက်မှု လုပ်ငန်း ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ကျောက်မဲမြို့ရှိ သီဟိုဠ်ပရိယတ္တိ စာသင်တိုက် ဆရာတော် (နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဒုဥက္ကဋ္ဌဆရာတော်) ဒေါက်တာဘဒ္ဒန္တ ဆန္ဒနသာရအား သွားရောက်ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ လှူဒါန်းပေးခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး ဆေးရုံဝန်ထမ်းများနှင့် ဆေးကုသမှုခံယူနေသည့် လူနာများတို့အား ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ကျွဲကုန်းကျေးရွာအုပ်စု၊ မွေတော်‌ ကျေးရွာရှိ မွေးမြူရေးဇုံသို့ သွားရောက်၍ မွေးမြူရေးရှင်းလင်းဆောင်တွင် ကြက်မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ၎င်းတို့၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်‌ပေးခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်‌ရေး‌ ရန်ပုံငွေစီမံကိန်းဖြင့် ဆောင်ရွက်ထားသည့် “ရွှေနှင်းဆီ” ဥစားကြက် မွေးမြူရေးလုပ်ငန်းကို လှည့်လည်ကြည့်ရှု့ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)

No comments:

Post a Comment