Saturday, April 1, 2023

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက် ပြည်ငြိမ်းချမ်းသာ မူးမြစ်ကူးတံတား ဖွင့်ပွဲအခမ်းအနားနှင့် ကန့်ဘလူခရိုင်/ မြို့နယ်တရားရုံး အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားများ တက်ရောက်

 

မုံရွာ ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ မိုးကောင်းကျေးရွာနှင့် ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်၊ ကျွန်းလည်ကျေးရွာတို့အား ဆက်သွယ်ထားသည့်  ပြည်ငြိမ်းချမ်းသာမူးမြစ်ကူးတံတား ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ မူမြစ်ကူးတံတားဖွင့်ပွဲမုဒ်ဉီးရှေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 




ရှေ့ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တိုင်းမှူးဗိုလ်ချုပ်သန်းထိုက်တို့မှ အမှာစကားပြောကြားပြီး ကန့်ဘလူမြို့နယ်၊ မြေထူးကျေးရွာအုပ်စု၊ မှော်တော်ကျေးရွာ သာသနာ့အလင်းရောင်ကျောင်းတိုက် ဆရာတော်ဦးဝါသဝမှ ကျေးဇူးတင်စကား ပြန်လည်မိန့်ကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် မှော်တော်ကျေးရွာ သာသနာ့အလင်းရောင်ကျောက်တိုက် ဆရာတော် ဦးဝါသဝတို့က  ပြည်ငြိမ်းချမ်းသာမူမြစ်ကူးတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါမုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ပြည်ငြိမ်းချမ်းသာ မူးမြစ်ကူးတံတားအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

ပြည်ငြိမ်းချမ်းသာမူးမြစ်ကူးတံတား တည်ဆောက်ပြီးစီးခဲ့သည့်အတွက် တန့်ဆည်မြို့နယ်မှ ကျေးရွာ ၇ ရွာရှိ အိမ်ခြေ ၁၅၅၀၊ လူဦးရေ ၁၅၁၆၁ ဦးနှင့် ကန့်ဘလူမြို့နယ်မှ ကျေးရွာ၂၄ ရွာရှိ အိမ်ခြေ ၅၇၇၄၊ လူဦးရေ ၂၈၅၅၅ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ဒေသထွက်ကုန်ပစ္စည်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူလူထုအတွက် လုံခြုံရေးကိစ္စရပ်များအား လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်လာနိုင်မှာဖြစ်ရာ အဆိုပါတံတား သည် အရှည် ၉၆၀ ပေ၊ အကျယ် ၂၀ ပေ၊ ချဉ်းကပ်လမ်းအရှည် ၅၄၀ ပေ၊ စုစုပေါင်း တံတားအရှည် ၁၅၀၀ ပေဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၅၀၀၊ ပြည်သူလူထုစုပေါင်း လှူဒါန်းငွေကျပ် သိန်း ၁၀၀၀၊ စုစုပေါင်းကုန်ကျငွေ သိန်း ၁၅၀၀ ဖြင့် တည်ဆောက်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ကန့်ဘလူခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် ကန့်ဘလူခရိုင်တရားသူကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကန့်ဘလူခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံး အဆောက်အဦသစ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် အဆောက်အဦသစ်ရှေ့တွင် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင် ဓာတ်ပုံရိုက်ကူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာများ ပက်ဖျန်းပေးကာ ရုံးအဆောက်အဦသစ်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကန့်ဘလူခရိုင်/မြို့နယ် တရားရုံးအဆောက်အဦသစ်သည် အလျား ၁၉၄ ပေ၊ အနံ ၇၄ ပေ RC ကွန်ကရစ် ၂ ထပ် အဆောက်အဦအမျိုးအစားဖြစ်ပြီး ရွှေပင်အောင် ကုမ္မဏီမှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ မြို့ဦးရွာမပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိရာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ကန့်ဘလူမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော် အသီးသီးဆက်ကပ် လှုဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ပြန်/ဆက်

No comments:

Post a Comment