Saturday, April 1, 2023

မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံပွဲ အခမ်းအနား ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မော်လမြိုင်  ဧပြီ ၁

မွန်ပြည်နယ် မော်လမြိုင်မြို့ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် မွန်ပြည်နယ်နေ့တွင် အားသွန် ခွန်စိုက် တာဝန်ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ အားလုံးကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့သည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပီတိ ဖြစ်မိပါကြောင်း၊  အခမ်းအနားများအား စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ အနုပညာရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားအပါအဝင် ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများ အားလုံးကို အထူးပင်ကျေးဇူးတင် ဂုဏ်ပြုလိုကြောင်း (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားများကို နိုင်ငံတော်အဆင့် အကြီးအကဲပုဂ္ဂိုလ်များမှ ၎င်းတို့တက်ရောက်ခဲ့သည့် အခြားသော ပြည်နယ်နေ့များထက် ပိုမိုစည်ကားသိုက်မြိုက်ကြောင်း ပြောကြားသည်ကို ပြန်လည်ကြားသိရသည့်အတွက် များစွာဂုဏ်ယူကျေနပ်အားရမိပါကြောင်း (၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့် အခမ်းအနားများတွင် မွန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းများကို အများပြည်သူများ သိရှိစေရန် ဖော်ထုတ်ပြသခြင်း၊ ဂုဏ်ပြုသင့်ဂုဏ်ပြုထိုက်သူများအားလုံးကို ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်ခြင်းတို့ကို စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များအားလုံးကို အထူးပင် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များအား ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)


No comments:

Post a Comment