Thursday, April 6, 2023

လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စ်ကား ဓာတ်အားဖြည့်သွင်းရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ လျှပ်စစ်သုံးယာဉ်များကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ လမ်းအသုံးပြုခ ကင်းလွတ်ခွင့် ပြုပေးထားပြီးဖြစ်

 


နေပြည်တော်   ဧပြီ   

Earth Renewable Energy Co.,Ltd  မှ  တည်ဆောက်ပြီးစီးသည့်  လျှပ်စစ်မော်တော်ယာဉ်နှင့်  လျှပ်စစ်ဘတ်စ်ကား ဓာတ်အားဖြည့်သွင်းရုံ  (EV Charging Station) ဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက် နာရီတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၁၁၅ မိုင်  ဖြူးယာဉ်ရပ်နားစခန်းရှိ ယာယီမဏ္ဍပ်၌ ကျင်းပသည်။

အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ကုမ္ပဏီမှ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကနဦးစီမံကိန်း ကာလအတွင်း Charging Station များကို နေပြည်တော်တွင် လေးနေရာ၊ ရန်ကုန်မြို့တွင် ငါးနေရာ၊   မန္တလေးမြို့တွင် ငါးနေရာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ငါးနေရာ စုစုပေါင်း ၁၉  နေရာကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။

ပထမအဆင့်အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများ၏ မြို့ပြလမ်းကွန်ရက် စနစ်များတွင် EV ယာဉ်များ ပြေးဆွဲရာ၌ အဆင်ပြေကောင်းမွန်အောင် စီစဉ်ဆောင်ရွက်လျက် ရှိသကဲ့သို အဓိကလမ်းကွန်ရက်များဖြစ်သည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ ရန်ကုန်-တောင်ငူ-  မိတ္ထီလာ - မန္တလေး ပြည်ထောင်စုလမ်းမကြီး၊ ရန်ကုန်- ပြည်လမ်း၊ ရန်ကုန် - ပုသိမ်လမ်း၊ ရန်ကုန် - ပဲခူး - ဘုရားကြီး - သထုံ- မော်လမြိုင်လမ်း၊ မိတ္ထီလာ ကျောက်ပန်းတောင်း- ပုဂံ/ညောင်ဦးလမ်း၊  မိတ္ထီလာ - တောင်ကြီးလမ်း၊ မန္တလေး - ပြင်ဦးလွင် - လားရှိုးလမ်း စသည့် နိုင်ငံ၏အဓိကလမ်းမကြီး များတွင် ပြေးဆွဲနိုင်အောင် လျာထားစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Earth Renewable Energy Co.,Ltd မှ တာဝန်ရှိသူက EV Charging Station   တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြသည်။

ထို့နောက် လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စ်ကား ဓာတ်အားဖြည့်သွင်းရုံကို ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးက Electric Vehicle Charging Station ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက လျှပ်စစ်သုံးယာဉ်များအတွက် လျှပ်စစ်  ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station) အတွင်း ကြည့်ရှုလေ့လာကြပြီး  လျှပ်စစ်သုံးယာဉ်များ  လက်တွေ့အားဖြည့်နေမှုနှင့် စမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် ကုန်ကျစရိတ် သက်သာစေရန်အတွက်   လျှပ်စစ်သုံးယာဉ်များကို ၂၀၂၃ ခုနှစ် ဧပြီ ရက်မှစ၍ လမ်းအသုံးပြုခ ကင်းလွတ်ခွင့် ပြုပေးထားပြီးဖြစ်ကြောင်း သိရသည်။   

သတင်းစဉ်

No comments:

Post a Comment