နေပြည်တော် ဧပြီ ၂၁
ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်ဖော်ထုတ်သည့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ကျင်းပရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက် ရေးလုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ဆက်လက်၍ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက စုံစမ်းစစ်ဆေးခဲ့သည့် မှုခင်းများမှ ဖော်ထုတ်ရရှိခဲ့သည့်ငွေကြေး ခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ် များကိုလည်းကောင်း၊ ကြီးကြပ်ရေး အာဏာပိုင်များနှင့် သတင်းပို့အဖွဲ့အစည်းများက ၎င်းတို့၏သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖော်ထုတ်ရရှိခဲ့သည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန် များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံ ဖြတ်ကျော်မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့် ဥပဒေရေးရာ ဌာနကြီး)၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီ၊ မြန်မာနိုင်ငံ ဘဏ်များအသင်း၊ မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း အသင်း၊ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းများ အသင်း၊ မြန်မာနိုင်ငံ ရှေ့နေများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်
No comments:
Post a Comment