Tuesday, April 18, 2023

ပြည်ထဲရေးဝန်ကြီးဌာန မိသားစု ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးဘိုးဘွားများ ကန်တော့ပွဲ အခမ်းအနားများကျင်းပ

 



နေပြည်တော် ဧပြီ ၁၇

ပြည်ထဲရေးဝန်ကြီးဌာန မိသားစု၏ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဆန်း ၁ ရက် ယနေ့ နံနက် ၈နာရီခွဲက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ်ဇင်မင်းထက်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီးတို့ ဦးဆောင်ကာ ရွှေဝါငါးကြင်း အကောင်ရေ ၃၀၀၀ ကို မင်္ဂလာကန်တော်အတွင်းသို့ ဇီဝိတဒါနအဖြစ် ကုသိုလ်ပြု လွှတ်ပေးကြသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန မိသားစု၏ သက်ကြီးဘိုးဘွားများ ကန်တော့ပွဲ အခမ်းအနားကို နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ်(၈) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်ချုပ် ဇင်မင်းထက်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့် ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြပြီး ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ အတူနေမိသားစုဝင် အသက်(၈၀)နှစ်နှင့် အထက် အဘိုးအဘွား ၇၉ ဦးတို့အနက် အခမ်းအနား သို့ တက်ရောက်နိုင်သူ အဘိုး ရှစ်ဦး၊ အဘွား ၁၀ ဦး စုစုပေါင်းအဘိုးအဘွား ၁၈ ဦးတို့ကို ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင် ကာ မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ နှစ်သစ်ကူး ကန်တော့ပစ္စည်းများဖြင့် လှူဒါန်းပူဇော် ကန်တော့ကြရာ ကန်တော့ခံအဘိုးအဘွားများကိုယ်စား အဘွားဒေါ်ခင်စန်းရီက ဆုတောင်းမေတ္တာ စကား ပြန်လည်ပြောကြားသည်။

ယနေ့ အခမ်းအနားတွင် အသက်(၈၀) နှင့်အထက် အဘိုးအဘွား ၇၉ ဦးတို့ကို ငွေသားအပါအဝင် အသုံးအဆောင်ပစ္စည်းနှင့် ဆေးဝါးပစ္စည်း များကို ဂါရဝပြု လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment