Tuesday, April 18, 2023

နယ်စပ်ရေးရာဝန်ကြီးဌာန ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားများကျင်းပ

 


နေပြည်တော် ဧပြီ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲအခမ်းအနားကို ယနေ့(မြန်မာနှစ်ဆန်းတစ်ရက်) နံနက် ၇ နာရီ တွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။

ကုသိုလ်ပြုလွှတ်ပေး

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဇနီး၊ အမြဲတမ်း အတွင်းဝန်၏ ဇနီး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင်ကာ ငါးကောင်ရေ ၁၅၀၀ ကို ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်တွင်းသို့ ကုသိုလ်ပြုလွှတ်ပေးခဲ့ကြသည်။

ထို့နောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ်(၄၂)နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများရှိ အသက် ၇၅ နှစ်နှင့် အထက် အဘိုး ၁၁ ဦး၊ အဘွား ၂၂ ဦး စုစုပေါင်း ၃၃ ဦးအနက် တက်ရောက်နိုင်သူ အဘိုးအဘွား ၁၄ ဦးကို ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ဦးဆောင်၍ မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့်အညီ နှစ်သစ်ကူး ကန်တော့ပစ္စည်းများဖြင့် လှူဒါန်းပူဇော် ကန်တော့ကြပြီး ကန်တော့ခံဘိုးဘွားများကိုယ်စား အဘွားတစ်ဦးက ဆုတောင်းမေတ္တာစကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘိုးဘွားများကို ရင်းနှီးစွာဂါရဝပြု တွေ့ဆုံခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment