Thursday, April 6, 2023

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင် ပြင်ဆင်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက်

 

မုံရွာ ဧပြီ ၆

၂၀၂၃-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဧပြီလ ၅ ရက်၊ နံနက် ပိုင်းတွင် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများရောက်ကြသည်။









ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံသည်သဘာဝဘေး အန္တရာယ်မျိုးစုံ ဖြစ်နိုင်ခြေများသည့်နိုင်ငံဖြစ်ပြီး မိမိတို့တိုင်းဒေသကြီးအနေဖြင့်လည်း နယ် မြေကျယ်ပြန့်သည့်အလျောက် သဘာဝဘေးအန္တရာယ်များ ဖြစ်နိုင်ခြေရှိသည့်အတွက် လိုအပ် သည့်ကြိုတင်ပြင်ဆင်ရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိရန် အရေးကြီးပါကြောင်း၊ သဘာဝဘေး အန္တရာယ်များသည် ရာသီမရွေးဖြစ်ပွားတတ်သဖြင့် အချိန်အခါရာသီအလိုက် ဖြစ်လေ့ဖြစ်ထရှိ သည့် ဘေးအန္တရာယ်များအား ကြိုတင်တွက်ဆ၍ လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊



မိမိတို့တိုင်းဒေသကြီးအနေဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘေးဖြစ်နိုင်ခြေများလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန်နှင့် စနစ်မကျသော ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ဘေးဖြစ် နိုင်ခြေများကိုသာ ဖြစ်စေနိုင်သဖြင့် သတိပြုဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်စီမံကိန်း၊ စီမံချက်များချမှတ်ဆောင် ရွက်ရာတွင်လည်းသဘာဝ ဘေးအန္တရာယ် လျော့ပါးရေးများလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သင့်ပါကြောင်းနှင့် အန္တရာယ်ဟူသမျှ အတူတကွတွန်းလှန်ကာ ပူးပေါင်းဆောင်ရွက်ကြလျှင်ဖြင့် ဘေးအန္တရာယ် ကင်းရှင်းပြီး အေးချမ်းသာယာသည့် ဖွံ့ဖြိုးတိုးတက်သော တိုင်းဒေသကြီးတစ်ခုဖြစ်စေရေး တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးလိူင်က တိုင်းဒေသကြီးအတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်း ထားရှိမှုနှင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှုများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုဝန် ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က သဘာဝဘေးအန္တရာယ် ဆိုင်ရာများနှင့် ရင်ဆိုင်ကြုံတွေ့လာပါက ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးက  သဘာဝဘေး အန္တရာယ်ဆိုင်ရာတုန့်ပြန်ဆောင် ရွက်ရေးနှင့်ပတ်သက်၍ ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်မည့် အခြေအနေများအား Power Point ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အခမ်းအနားသို့ တက်ရောက်လာသူများက မီးငြိမ်းသတ်မှုသရုပ်ပြသမှုနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်သွားမည့် သရုပ်ပြသမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment