Thursday, April 6, 2023

မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ခန်ကုန်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား အခြေခံစားကုန်ပစ္စည်းများ ထောက်ပံ့ ပေးအပ်


 


မင်းဘူး ဧပြီ ၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်သည် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ လိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီခွဲက မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာ ရတနာပုံကျောင်းတိုက် ဓမ္မာရုံသို့ သွားရောက်ပြီး မီးဘေးသင့်အိမ်ထောင်စုများကို စားသောက်ရေး အဆင်ပြေစေရေးအတွက် အခြေခံစားကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးပပနှင့် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းဝင်များက ခန်ကုန်းကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု ၃၄ စုအား အိမ်ထောင်စုတစ်စုလျှင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကုလားပဲ၊ ကြက်ဥ၊ ရေပုံး၊ ရေခွက်၊ ဆပ်ပြာမှုန့် စသည့် အခြေခံစားကုန်နှင့် လူသုံးကုန် ပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မီးဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာတွင် ဧပြီ ၂ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃၃ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ မီးဘေးသင့်အိမ်ထောင်စု ၃၄ စုရှိ လူဦးရေ ကျား/မ စုစုပေါင်း ၁၄၈ ဦး မီးဘေးသင့်ခဲ့ရကြောင်း သိရပြီး မီးဘေးသင့်အိမ်ထောင်စုဝင်များ စားသောက်ရေး အဆင်ပြေစေရေး အတွက် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး အခြေခံစားကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် သုံးပင်လူနေအိမ်များ ဆောက်လုပ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သော ပံ့ပိုးကူညီမှု များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကနှင့် တာဝန်ရှိသူများအဖွဲ့သည် ရွာဦးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီးအား ဦးခိုက်ဖူးမြော်ကြည်ညိုကာ နဝကမ္မ ဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီနှင့် စားသောက်ဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျေးရွာတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာအား လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကနှင့် တာဝန်ရှိသူများအဖွဲ့သည် စကုမြို့သို့ ရောက်ရှိပြီး ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များ အတွက် နဝကမ္မဝတ္ထုငွေ၊ ဆွမ်းဆန်တော်၊ ဆီ၊ ကြက်သွန်နီနှင့် စားသောက်ဖွယ်ရာများကို အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြ ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )

No comments:

Post a Comment