Sunday, April 30, 2023

ကျုံပျော်ခရိုင်အတွင်း သမဝါယမစနစ်ဖြင့် ပီလောပီနံစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော် ဧပြီ ၂၉

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ပန်းပင်ချောင်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေ (VDP) ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းလမ်း ပေ ၂၄၀၀ ကျောက်ချောခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြမှုနှင့် ကျေးရွာသူကျေးရွာသားများ၏ ဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှု ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျုံပျော်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်း များနှင့်တွေ့ဆုံရာဒုတိယဝန်ကြီးက ဦးစီးဌာနအလိုက်ဌာနတွင်း စည်းလုံးညီညွတ်မှု တည်ဆောက် ရန်၊ အဂတိတရားကင်းရှင်းရန်၊ ရုံးအဆောက်အအုံများ သန့်ရှင်း သပ်ရပ်မှုရှိစေရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။ ဆက်လက်ပြီးဒုတိယညွှန်ကြား ရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းများဆောင်ရွက် နိုင်ရေးရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျုံပျော်ခရိုင် အထောင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ပီလောပီနံစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ၊ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာဒုတိယဝန်ကြီးက သွင်းအားစုများအချိန်မီဖြန့်ဖြူးပေးရန်၊ စိုက်ပျိုးရေးသမဝါယမအသင်းများဖွဲ့စည်းဆောင်ရွက်ရန်၊ ပီလောပီနံစိုက်ဧကများတိုးချဲ့ စိုက်ပျိုးရန်မှာကြားပြီး စံချိန်စံညွှန်းပြည့်ဝသည့်ပီလောပီနံအမှုန့် ကြိတ်စက်များ တည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယညွှန်ကြား ရေးမှူးချုပ်များက ဦးစီးဌာန အလိုက် လုပ်ငန်းဆောင်ရွက်နေမှု များကိုလည်းကောင်း၊ ကံစပ်ရာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစည်သူအောင်က ပီလောပီနံ တန် ၁၀၀ ကျ စက်ရုံတည်ဆောက် မည့် အစီအစဉ်များနှင့် ပီလောပီနံ စိုက်ပျိုးထုတ်လုပ်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး အသင်းသားတောင်သူများနှင့် ဒေသခံပြည်သူများ၏လုပ်ငန်း လိအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ တင်ပြမှုကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်


No comments:

Post a Comment