Monday, April 3, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တပ်ကုန်းမြို့နယ်အတွင်းရှိ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တ စန္ဒသီရိအား လာရောက်ဖူးမျှော် ကြည်ညို

 တပ်ကုန်း ဧပြီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ရှိ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တစန္ဒသီရိ(အဘိဓဇအဂ္ဂမဟာ သဒ္ဗမ္မဇောတိက အဂ္ဂ မဟာပဏ္ဍိတ)အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက သွားရောက်ဖူးမျှော် ကြည်ညိုခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဆရာတော်ဘုရားကြီးထံ သင်္ကန်းများဆက်ကပ် ပူဇော်ပြီးနောက် သာသနာရေးရာဆိုင်ရာများ လျှောက်တင်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက မြို့နယ်အတွင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်မှုအခြေအနေများ ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ဆရာတော်ဘုရားကြီးထံ နိဗ္ဗာန်ပေါက်လမ်းစဉ်ဆောင်ရွက်သည့် "လမ်းဆုံ လမ်းခွ လူ့ဘဝ" ဗီနိုင်းများ ဆက်ကပ်ပြီးနောက် ဆရာတော်ဘုရားကြီး၏ သက်တော်ကို ကြည်ညိုသောအားဖြင့် ပန်းပေါင်းစုံဘုရား ၉၈ ဆူ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်


No comments:

Post a Comment