Sunday, April 30, 2023

ဥပဒေရေးရာဝန်ကြီးဌာနကထုတ်ဝေသည့် ဥပဒေပညာဗဟုသုတမှတ်စုများ (တရားမကျင့်ထုံးဥပဒေ) စာအုပ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲနှင့် တရားမဆိုင်ရာဥပဒေပညာသင်တန်း ဖွင့်ပွဲကျင်းပ

 

ရန်ကုန် ဧပြီ ၂၉

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ပန်းဆိုးတန်းလမ်းမရှိ ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ကျင်းပသည့် ဥပဒေရေးရာဝန်ကြီးဌာနကထုတ်ဝေသည့် ဥပဒေပညာဗဟုသုတမှတ်စုများ (တရားမကျင့်ထုံးဥပဒေ) စာအုပ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲနှင့်တရားမဆိုင်ရာဥပဒေပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်သည်၊၊

ဦးစွာ အခမ်းအနားမှူးကတက်ရောက်လာကြ သည့်ခရိုင်အလိုက် ဥပဒေအရာရှိများနှင့် မိတ်ဆက်ပေးပြီး ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး ဥပဒေပညာဗဟုသုတမှတ်စုများ (တရားမကျင့်ထုံး ဥပဒေ) စာအုပ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ တရားမဆိုင်ရာဥပဒေပညာသင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးမောင်မောင်တာ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထို့နောက် တရားမဆိုင်ရာ ဥပဒေပညာသင်တန်းကို ဥပဒေရေးရာဝန်ကြီး ဌာန တရားမဆိုင်ရာအမှုလိုက်ဌာနခွဲမှ ညွှန်ကြားရေးမှူးဒေါ်ခင်နွယ်နွယ်ကျော်နှင့် ဒုတိယညွှန်ကြားရေးမှူးနှစ်ဦးတို့က ပို့ချသင်ကြားပေးနေခြင်းဖြစ်ပြီး သင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူး ၂၂ ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ၅၃ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်


No comments:

Post a Comment