Sunday, April 16, 2023

သဘောထားထုတ်ပြန်ချက် (၃/၂၀၂၃)

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ

သဘောထားထုတ်ပြန်ချက် (၃/၂၀၂၃)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၅ ရက် ၊ စနေနေ့

၁။ ဧပြီလ (၁၅) ရက်နေ့ နံနက် (၉)နာရီ (၃၀) မိနစ်ခန့်က ကယားပြည်နယ် ဗဟိုမဏ္ဍပ်အား မြန်မာ့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ပျက်စီးစေလိုသော ရည်ရွယ်ချက်ဖြင့် PDF အမည်ခံ အကြမ်းဖက် သမားများက Drop Bomb တစ်လုံးအသုံးပြုကာ ယုတ်မာရက်စက်စွာ နှောင့်ယှက်ဖျက်ဆီး တိုက်ခိုက် ခဲ့ပါသည်။

၂။ အဆိုပါ အကြမ်းဖက်သမားများ၏ လူမဆန်သည့် ယုတ်မာတိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ် မဟုတ်သည့် အများပြည်သူပျော်ရွှင်စွာ ရေကစားနေသည့်မဏ္ဍပ်အား ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန်နှင့် အုပ်ချုပ်ရေးယန္တရားအားပျက်စီးစေရန် လုပ်ဆောင်ခဲ့ကြောင်း ပေါ်လွင် ခဲ့ပြီး အပြစ်မဲ့ပြည်သူ (၂၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စိတ်နှလုံးမချမ်းမြေ့ဖွယ် သိရှိရပါသည်။

၃။ အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် စစ်ရေးနှင့်မသက်ဆိုင်သော ပြည်သူများ၏ ပျော်ရွှင်စွာရေကစားနေသော မဏ္ဍပ်နေရာကို ပစ်ခတ်ဖျက်ဆီးခဲ့သည့် လုပ်ရပ်သည် ဒေသတည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် နှစ်သစ်ကူးအတာသင်္ကြန်ကို ရုပ်ဆိုးအကျည်းတန်စေရန် ရည်ရွယ်လုပ်ဆောင်ကြောင်း ထင်ရှားသဖြင့် အဆိုပါ အကြမ်းဖက်လုပ်ရပ်ကို လုပ်ကိုင်ခဲ့သည့် မည်သည့် အကြမ်းဖက်အဖွဲ့အစည်းကိုမဆို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက လုံးဝ(လုံးဝ) လက်မခံနိုင် ပါကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ


No comments:

Post a Comment