Wednesday, April 19, 2023

ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဟော်နန်း အသစ်ဆောက်လုပ်မှုနှင့် နောင်တုံကန်အတွင်း သဲ၊ နုန်းများဆယ်ယူမှု အခြေအနေများအားကြည့်ရှု


 နေပြည်တော်၊ ဧပြီ  ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဟော်နန်း အသစ် ဆောက်လုပ် နေမှုအခြေအနေများနှင့် နောင်တုံကန်အတွင်း သဲ၊ နုန်း များဆယ်ယူ နေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုကြသည်။

ဦးစွာ ကျိုင်းတုံဟော်နန်းအသစ်အား တာဝန်ယူဆောက်လုပ်နေသည့် မင်းဒင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဟော်နန်း ဆောက်လုပ် နေမှုအခြေအနေ များအား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ရှိ နောင်တုံကန်အတွင်းမှ သဲ၊ နုန်းများ အား စက်ယန္တရား ကြီးများဖြင့် စုပ်ယူမှုနှင့် နောင်တုံကန်အတွင်း သဲ၊ နုန်းများ စွန့်ပစ် နေရာတွင် သဲ၊ နုန်း ပါဝင်မှုအခြေအနေများ အားသွားရောက်ကြည့်ရှု၍ လိုအပ်သည် များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment