မုံရွာ ဧပြီ ၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေကြသည့် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ဧပြီလ ၅ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာအုပ်စု၊ ဝါးချက် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဘောလုံးကွင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ၊ ရဟန်း၊ ရှင်လူ ၅၀၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၁၄ ဦး၊ ခွဲစိတ်ရောဂါ ၄၄ ဦး၊ ကလေးရောဂါ ၅၉ ဦး၊ သားဖွားမီးယပ် ရောဂါ ၂၈ ဦး၊ အရိုးရောဂါ ၄၀ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၀ ဦး၊ မျက်စိရောဂါ ၁၆၉ ဦးနှင့် သွားရောဂါ ၃၄ ဦး၊ အခြားရောဂါ ၆ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။
ထို့ပြင် သာမန်ခွဲစိတ်လူနာ ၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်း များနှင့် ဓာတ်မှန် ရိုက်လူနာ ၃၅ ဦး၊ Ultrasound စမ်းသပ်စစ်ဆေးလူနာ ၃၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၉၂ ဦး တို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့်လည်းကောင်း၊ သွားဆေးကုသမှု လူနာများအား ရွေ့လျား သွားဆေးကုသယာဉ်ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေး ကုသပေးခြင်းများဆောင်ရွက် ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံရန်လိုအပ်သူ ၇၁ ဦးအား ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၃ ဦးအား နီးစပ်ရာ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သန်းထိုက်နှင့်တာဝန်ရှိ သူများက လိုက်လံကြည့်ရှုအားပေးပြီး မျက်စိခွဲစိတ်ကုသထားသည့် လူနာများအား မျက်မှန်တပ်ဆင်ပေးခြင်း၊ အာဟာရဖြည့်စွက်စာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မင်းကွန်းတောင်ရိုး သမိုင်းဝင်လေးဌာန ဥက္ကဌဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှေက်ထားကာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းမှုဖြင့် ရှေးဟောင်းသမိုင်းဝင် မြသိန်းတန်စေတီတော်ကြီး ဒုတိယရင်ပြင်တော်၊ သီတာ ၇ တန် အနောက်ခြမ်း ၂၇၀ ပေ၊ သီတာ ၇ တန်လိူင်းကြားရေဆင်းများ ပြန်လည်ပြုပြင် ပြီးစီးမှုနှင့် ပြင်ဆင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး စေတီတော်ကြီးအား ရှေးမူမပျက် အရည် အသွေးရှိစွာဖြင့်ပြုပြင်ရေး၊ ဘုရားဖူးပြည်သူများ စိတ်ချမ်းမြေ့စွာဖြင့် ဖူးမျှော်နိုင်ရန် စေတီတော်ကြီးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရေးတို့အား အမြဲထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားပြီး တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)
No comments:
Post a Comment