Tuesday, April 4, 2023

မြန်မာ့ဒေသရင်း “မြန်မာငှက်လက်မ မြီးရှည်ညို” ငှက်ပုံ စာပို့တံဆိပ်ခေါင်းသစ်ရောင်းချ

နေပြည်တော် ဧပြီ ၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၌သာ ကျက်စားသည့် ဒေသရင်းငှက်မျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် မြန်မာ့ဒေသရင်း “မြန်မာငှက်လက်မ မြီးရှည်ညို” ငှက်ပုံ (၂၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုးကို ဧပြီ ၅ ရက် နံနက် ၉ နာရီခွဲ မှစတင်၍ ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါစာပို့တံဆိပ်ခေါင်းသစ်ကို နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင် တည်းရောင်းချသွားမည်ဖြစ်ပြီးအထူးအစီအစဉ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့၌ ဧပြီ ၅ ရက်တွင် ဝယ်ယူသော စာပို့ တံဆိပ်ခေါင်းများပေါ်၌ နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment